သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ မုံရွာမြို့တွင် ကျင်းပ

မုံရွာ  မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူးပြီး နွေရာသီကျောင်းပိတ် ရက်၌ ကျောင်းသား/သူများအား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာ ပေးဟောပြောပွဲကိုမုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကိုမင်း၊ မုံရွာမြို့နယ်သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်း၊ သစ်တောဝန်ထမ်း ၁၁ ဦး၊ မုံရွာခရိုင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်စိုး၊ အထက၂ (နမခ)မှ ကျောင်းတာဝန်ခံ အထက်တန်းပြ ဆရာမ ဒေါ်အေးအေအးသန့် ပါဆရာမ ၇ ဦး၊ ကျောင်းသား/ ကျောင်းသူ ၁၀၀ ဦး စုစုပေါင်းအင်အား ၁၂၀ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ကိုမင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  သစ်တောများနှင့်ရေဝေရေလဲ ဒေသများထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ မုံရွာ မြို့နယ်သစ်တော ဦးစီးဌာနမှဦးစီးအရာရှိ ဦးကျော်ဇင်ထွန်းက သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာ အသိပညာပေးခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မုံရွာခရိုင်သစ်တောဦးစီးဌာနမှတောအုပ်ကြီး ဦးခင်မောင်စိုးက သစ်တောနှင့်ရာသီဥတုပြောင်းလဲမှု လျော့ချရေးနှင့်ပတ်သက်၍ လည်းကောင်း၊ မုံရွာမြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီး ဦးအောင်နေလင်းက သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့် ပတ်သက်၍ လည်းကောင်းအသီးသီး ဟောပြောခဲ့ကြသည်။

ထို့နောက် အထက၂ ကျောင်းအတွက် သစ်တောကြေးမုံစာအုပ်များအား မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်း ၂ ကပေးအပ်ရာ အထက- ၂ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်အေးအေးသန့်မှ လက်ခံရယူခဲ့ကာ ကျောင်းသား/ ကျောင်းသူများအား သစ်ပင်စိုက် ပျိုးနည်းစနစ် လက်ကမ်းစာစောင်များအားဝေငှခဲ့ပြီး၊ သစ်တောဝန်ထမ်းများ၊ အထက၂မှ ဆရာမများ၊ကျောင်းသား/ ကျောင်းသူများဖြင့် အမှတ်တရ သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)