(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ စုပေါင်း သွေးလှူဒါန်း

ပဲခူး မေ ၃

ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်၊ ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲတွင် ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ သန္ဓေနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းကာ သွေးပုလင်း (၁၀၀)အား လှူဒါန်းပေးကြကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့အားပေးပြီး သွေးလှူဒါန်းသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရေ၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)