ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

ငဖဲ မေ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်/ ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ငဖဲမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများ၊ အဓိကစိုက်ပျိုးသီးနှံများ၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စည်ပင်ကဏ္ဍတို့အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုများအား ပေးအပ်သည်။

ထို့နောက် ငဖဲမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးနေမျိုးနန္ဒ က ၂၀၂၃- ၂၀၂၄ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ငဖဲမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများအတွက် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေကျပ်သန်း ၅၄၄.၆၀၃ သန်းဖြင့် ဦးစီးဌာန ၂၄ ခုနှင့် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေကျပ်သန်း ၁၄၈၂.၆၇၄ ဖြင့် ဦးစီးဌာန ၁၀ခု တို့တွင် စုစုပေါင်းရန်ပုံငွေကျပ်သန်း ၂၀၂၇.၂၇၇ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လျာထားထားကြောင်း သိရသည်။

မယု(ငဖဲ)