ပန်းတောင်းမြို့နယ်တွင် လူငယ်ဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy Life Style) အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်း ပြုလုပ်

ပန်းတောင်း မေ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူငယ်ကဏ္ဍဆိုင်ရာအစီအစဉ်အရ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လူငယ်ဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy Life Style) အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က(ပန်းတောင်း) ကျောင်းမဉ္ဇူသကခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy Life Style)အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သင်တန်းကို ပန်းတောင်းမြို့ အ.ထ.က ကျောင်းတွင် G-7 မှ G-11 အတန်းရှိ ကျောင်းသား/သူ (၁၉၀)ဦးအား နေ့စဥ်နံနက် ၇ နာရီခွဲမှ ၁၀ နာရီအထိ (၄)ပတ်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)