ရေနံချောင်းမြို့နယ်၌ လေးပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် ၁၀ လုံး အမိုးလန်ပျက်စီး

ရေနံချောင်း မေ ၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က လေးပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူနေအိမ် ၁၀ လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ရေနံချောင်းမြို့ ဘိုကုန်းရပ်ကွက်မှ သုံးပင်ပတ်လည် သွပ်မိုးထရံကာ နေအိမ်နှစ်လုံး၊ ညောင်လှရပ်ကွက်မှ သုံးပင်ပတ်လည်သွပ်မိုးထရံကာ နေအိမ်နှစ်လုံး၊ ဖောင်းကတောကျေးရွာမှ လေးပင်ပတ်လည် သွပ်မိုးထရံကာ နေအိမ်နှစ်လုံး၊ ဝက်မစွတ်‌ကျေးရွာမှ သုံးပင်ပတ်လည် သွပ်မိုးထရံကာနေအိမ် သုံးလုံးနှင့် ညောင်ပင်အိုင့်ကျေးရွာမှ လေးပင်ပတ်လည် သွပ်မိုးထရံကာ နေအိမ်တစ်လုံး စုစုပေါင်း လူနေအိမ် ၁၀ လုံး အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျခြင်းများဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၁၀ စုမှ လူဦးရေ ၅၁ ဦး လေဘေးသင့်ခဲ့ပြီး ၎င်းတို့၏ ဆွေးမျိုးနေအိမ်များတွင် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မြို့နယ်တာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်