ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ (ငွေဆောင်) အပန်းဖြေစခန်းမှ ရွှေသောင်ယံမြို့ Sea & Lake အပန်းဖြေဥယျဉ်သို့ လာရောက်လေ့လာ

ရွှေသောင်ယံ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Sea & Lake အပန်းဖြေဥယျာဉ်သို့ ဧပြီလ ၃၀ ရက်နေ့ နံနက်(၁၁)အချိန်က ဧကာဒသမတန်းလူရည်ချွန် မောင်မယ်များ (ငွေဆောင်) မှ လာရောက်လေ့လာလည်ပတ်ကြရာ Sea & Lake အပန်းဖြေဥယျာဉ်ရှိ ဒီရေတော၌လည်းကောင်း၊ ကျောင်းစိမ်းပြတိုက်တွင်လည်းကောင်း၊ ပန်းပုရုပ်ထု ပြတိုက်တွင်လည်းကောင်း  အသဲတစ်ရာတွင်လည်းကောင်း လေ့လာ၍ အလှဓာတ်ပုံများ ရိုက်ခြင်းဖြင့် အပန်းဖြေခဲ့ကြသည်။

အဆိုပါ လူရည်ချွန်မောင်မယ်များ အပန်းဖြေလေ့လာရေးခရီးစဉ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အတူ ကြီးကြပ်ဆရာ၊ ဆရာမများ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ (၁၃၇)ဦးပါရှိပြီး ကြိုဆိုရေးများအနေဖြင့် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အတူဌာနဆိုင်ရာများ၊ Sea & Lake မှ တာဝန်ရှိသူများမှ ဝိုင်းဝန်ကြိုဆိုကာ ပို့ဆောင်စောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)