ပခုက္ကူ မေ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာသင်ဆောင်တစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာအုပ်စု၊ ချိုက်ကျေးရွာတွင် အလျား ၁၂၀၊ အနံ ၂၅ ပေရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာသင်ဆောင်တစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)