မင်းတုန်း မေ ၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄-၂၀၂၅ ခုနှစ် ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက အရည်အသွေးကောင်း ကော်ဖီမျိုးကောင်းမျိုးသန့် ဖြန့်ဖြူးထောက်ပံ့မှုအတွက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ခံများက ကော်ဖီတိုးချဲ့ စိုက်ပျိုးကြမည့် ငကုန်းကျေးရွာမှ တောင်သူ(၆)ဦး၊ ကန်ကြောကျေးရွာမှ တောင်သူ(၆)ဦး၊ ယင်းကောက်ကျေးရွာမှ တောက်သူ(၇)ဦးနှင့် ချောက်လန်ကျေးရွာမှ တောင်သူ(၆)ဦးတို့အား ကော်ဖီမျိုးစေ့ စုစုပေါင်း (၁၂၅)Kg ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကော်ဖီမျိုးစေ့များကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရေးအတွက် အမြန်ဆုံးပျိုးထောင်ကြရန်နှင့် စိုက်ပျိုးရာသီအမှီ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)