ဒိုက်ဦး မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က အိမ်ခြေလေးဆယ်ကျေးရွာဓမ္မာရုံ၊ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် တောင်သလဲမြောင်ကျေးရွာဘုန်းတော်ကြီးကျောင်းတို့၌ ပြည်သူများအား Biometric (ဇီဝဆိုင်ရာ)အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီအား စက်ကိရိယာဖြင့် မျက်လုံးစကန်ဖတ်ခြင်း၊ စက်ကိရိယာဖြင့်လက်ဗွေစကန်ဖတ်ခြင်းနှင့် မျက်နှာစကန်ဖတ်ခြင်းများဆောင်ရွက်ပြီး အတည်ပြုပုံစံများ ဖြည့်သွင်း၍ ချက်ခြင်းထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူမှုအင်အားဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးမိုးက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)