လပွတ္တာမြို့၌ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

လပွတ္တာ မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့ရှိ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ လာမည့် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သွေးလှူဒါန်းပွဲကို မြို့နယ်မီးသတ်ဦးစီမှူး ဦးစိမ်းကိုကိုမှဦးဆောင်၍ခရိုင်နှင့် မြို့နယ်မှ
သန္ဓေ(၂၀)ဦး၊ အရန်(၁၅)ဦး၊ မီစည်းအဖွဲ့ဝင် (၁၀)ဦးစုစုပေါင်း(၄၅)ဦးတို့ဖြင့် စုပေါင်း၍သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

မူမူ