အထက်မင်းလှ မေ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပစ္စည်းတင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ တင်ဒါစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က အိတ်ဖွင့်တင်ဒါနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက လုပ်ငန်းသုံးပစ္စည်းတင်ဒါများ၏ အရည်အသွေးသတ်မှတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တင်ဒါတင်သွင်းသူများမှ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပစ္စည်းတင်ဒါဖွင့်ပွဲကျင်းပခဲ့ရာ Lot အလိုက်ပစ္စည်း တင်ဒါဈေးနှုန်းအဆိုပြုလွှာများအား သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်း နှင့်တာဝန်ရှိသူများက ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)