သဲကုန်း မေ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း နွေစပါးများ အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ နွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျေးသားအုပ်စု၊ သိမ်ကုန်းကျေးရွာရှိ ကွင်းအမှတ်(၉၄၅ က)ရှိ၊ တောင်သူ ဦးဌေးဝင်း၏ လယ်မြေ (၁) ဧကတွင် ရတနာတိုးမျိုးစပါး နွေစပါးစံပြကွက် ရိတ်သိမ်းခြင်း ပြုလုပ်ခဲ့ရာ တစ်ဧကလျှင် စပါးအစိုပျမ်းမျှ (၁၁၃)တင်း၊ အခြောက်ပျမ်းမျှ (၁၀၁) တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ နွေစပါးရိတ်သိမ်းပွဲသို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ သဲကုန်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွားစေရန်နှင့် တစ်ဧက အထွက်နှုန်း တိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါး (၁၃၁၅၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)