ပန်ဆောင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ ပေးအပ်

ပန်ဆောင်  နိုဝင်ဘာ  ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို  ယနေ့နံနက်ပိုင်းက မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါမဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် ပန်ဆောင်မြို့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစံသိန်းနှင့် အဖွဲ့ဝင် တာဝန်ရှိသူများက ကြီးကြပ်ပြီး  မြို့ပေါ်ရပ်ကွက်အတွင်းရှိ မဲရုံများအတွက် မဲလက်မှတ်များ၊ လွှတ်တော် အမတ်မဲပုံးများ၊ ဆန္ဒပြုခန်းများနှင့် အခြား မဲရုံသုံးပစ္စည်းများကို  ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဂျာယော်(ပြန်/ဆက်)