မကွေး မေ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အောင်မေတ္တာရပ်ကွက်၊ (ဂ)အုပ်စု၊ (၁၅)လမ်းတွင် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က မီးစက်မောင်းရာမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆွမ်းစာဆောင်နှင့် လူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်မှာ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ (ဂ)အုပ်စု၊ (၁၅)လမ်းရှိ အောင်မြေဓမ္မာ့ရတနာ ဘုန်းတော်ကြီးကျောင်းတွင် အသုံးပြုလျက်ရှိသည့် မီးစက်အား မောင်းနှင်ရာမှ တစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ထောင်တစ်ထပ် ဆွမ်းစားဆောင်နှင့် ဘုန်းတော်ကြီး ကျောင်းအနီးရှိ သွပ်မိုး၊ပျဉ်ထောင်တစ်ထပ် လူနေအိမ်တစ်လုံးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့သည်။
မီးလောင်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပြည်သူများက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်ခဲ့မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)