ကျွန်းလှ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာသန်စွမ်းသော ကလေးငယ်များဖြစ်စေရန်အတွက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား အသက် အပိုင်းခြားလိုက် ဝက်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန် (တီဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန်အဆုတ်ရောင်နှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံတိုက်ကျွေးကြသည်။
မျိုးဝင်းညို ကျွန်းလှ