မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

တောင်တွင်းကြီး မေ ၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဧပြီ (၂၄) ရက်နေ့က မိုးသက်လေပြင်း တိုက်ခက်မှုကြောင့်  ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယ‌နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် နေအိမ် (၂၅၃) လုံးအတွက် ထောက်ပံ့ငွေ (၉၁၉၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၂၂၇) ဦးအတွက် တစ်ဦးလျှင် ၂၁၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ (၂၅၇၆၇၀၀/-) ကျပ်၊ ပြိုကျနေအိမ် (၁၁) လုံးအတွက် ထောက်ပံ့ငွေကျပ် (၁၁) သိန်းနှင့် ပစ္စည်း (၁၆) မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး (၁၁) ပုံးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ဧပြီ (၂၄) ရက် ညနေ (၆:၃၀) ခန့်က မိုးသက်လေပြင်း တိုက်ခက်ခဲ့သဖြင့်  မြို့ပေါ် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇) စုမှ ကျေးရွာ (၂၃) ရွာရှိ လူနေအိမ်အချို့ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)