ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံး ရေများ လှူဒါန်းပေးလျက်ရှိ

ဒေးဒရဲ ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် အပူချိန်မြင့်မား၍ သောက်သုံးရေ ခက်ခဲလျက်ရှိသည့် ကျေးရွာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်ရေများလှူဒါန်းပေးခြင်းကို ယနေ့ နံနက် (၉) နာရီက တညင်ကုန်းကျေးရွာအုပ်စုရှိ ပြည်သူများအား သောက်ရေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နွေရာသီကာလ အပူချိန်မြင့်မားနေသည့်အတွက် ‌ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲများကို ကူညီဆောင်ရွက်သည့်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက သောက်သုံးရေရှားပါးသည့် တညင်ကုန်းကျေးရွာ အိမ်ထောင်စု(၅၀)စုရှိ ပြည်သူများသောက်သုံးရေရရှိရေးအတွက် မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ (၂၈၀၀) အား  ကျေးရွာအရောက် သွားရောက်လှူဒါန်း‌ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ကျေးရွာများအနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

အေဇာလင်း