ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ပေါက်ခေါင်း ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေရင်းနှီးမြှုပ်နှံလုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ ဦးဖြိုးသူမောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင်  "ပေါက်ခေါင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ဧပြီလမှမတ်လ)အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက် အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကျပ်(၂၆၉.၃)ဘီလီယံဖြစ်သည့်အတွက် ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်အလိုက် စီမံကိန်းရည်မှန်းချက်များပြည့်မီစွာ အ‌ကောင်အထည်‌ဖော်ဆောင်ရွက်နိုင်မှုဟာ အရေးကြီးပါကြောင်း ကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနတစ်ခုချင်းစီအနေနှင့် မိမိတို့၏ရည်မှန်းလျာထားချက်တွေကို ပြည့်မီကျော်လွန်အောင်‌ ဆောင်ရွက်ကြဖို့အထူးအ‌ရေးကြီးကြောင်း" ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံကိန်း‌ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်နီနီထွေးက  ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌဦးဖြိုးသူမောင်က လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍများအတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)