လက်ပံကုန်းကျေးရွာတွင် လူဦးရေ(၁၆၁၉)ဦးအတွက် အကျိုးပြုမည့် ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်

လှိုင်းဘွဲ  နိုဝင်ဘာ ၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု (၂၂၂)စု၊ လူဦးရေ (၁၆၁၉)ဦးအတွက် အကျိုးပြုနိုင်မည့်သာယာကုန်းကျေးရွာအုပ်စု ​​​လက်ပံကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းသည် လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေ (၂၄,၄၅၀,၀၀၀)ကျပ်ဖြင့် ကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၀၈၀ပေ x အကျယ် ၁၆ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူးဒေါ်ဝင်းဇာနည်ခိုင်၊ လူထုစည်းရုံးရေးမှူး​​​စောသန်းကျော်လင်း တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/​ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)