လှိုင်းဘွဲ ဧပြီ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးရွာနေ ပြည်သူများ သောက်သုံးရေများ ရရှိစေရန်အတွက် သောက်သုံးရေများ အခမဲ့ ရေပေးဝေခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် စစ်ဗျူဟာ(အခြေချ)တပ်ရင်း၊ တပ်ဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး တောင်ခြေရင်း ကျေးရွာသို့ သွားရောက်၍ အခမဲ့ရေပေးဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမဲ့ ရေပေးဝေခြင်းကို စစ်ဗျူဟာ(အခြေချ)၊ လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့်တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်သန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အလှူရှင်များက တောင်ခြေရင်းကျေးရွာ ရွာလယ်ဇရပ်တွင် သောက်ရေသန့် (၂၀) လီတာဆန့် (၁၁၀)ပုံး တို့ကို အခမဲ့ လှူဒါန်းခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် ဂါလံ (၂၈၀၀) ကား (၁)စီး၊ မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ် ဂါလံ(၂၀၀၀) ကား (၁)စီးနှင့် စစ်ဗျူဟာ (အခြေချ)အဖွဲ့မှ ရေသယ်ယာဉ်ဂါလံ (၁၂၀၀) ကား (၁)စီးတို့ကို တောင်ခြေရင်းကျေးရွာအတွင်း အိမ်ထောင်စု (၁၀၀)စု၊ လူဦးရေ (၅၂၉) ဦး အတွက် သောက်သုံးရေ ရရှိစေရန် ရေများ အခမဲ့ ပေးဝေခဲ့ကြောင်းနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိသော ကျေးရွာများဆီသို့ သောက်သုံးရေများ ဆက်လက်၍ ပေးဝေလှူဒါန်းသွားကြမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)