သံတောင်ကြီး ဧပြီ ၃၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပန်းချီပြိုင်ပွဲပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများ ကျောင်းပိတ်ချိန်အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျောင်းသူ/ကျောင်းသား(၁၅)ဦးတို့ကပါ ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ