နတ်မောက်မြို့တွင် ဘုရင့်နောင်လမ်းထိပ် ရေမြောင်းအား ရေစီးရေလာကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ပေး

နတ်မောက် ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဘုရင့်နောင်လမ်းထိပ်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရန် ခြင်ပေါက်ပွားမှုမဖြစ်ပွားစေရေး၊ ရေဆိုးရေညစ်များ၏ အနံ့ဆိုးများ ကင်းဝေးစေရန်နှင့် မိုးတွင်းကာလ မိဘပြည်သူများ သွားလာရေးအဆင်ပြေစေရန် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက်   ဆောင်ရွက်ပေးလျက်ရှိသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအနေဖြင့်  ဘုရင့်နောင်လမ်းထိမ် ရေမြောင်းအတွင်းရှိ ပေါက်မြက်များရှင်းလင်းခြင်း၊ တံတားအောက်တွင်ပိတ်ဆို့နေသည့် အမှိုက်များ၊ သဲနှုန်းများကို စက်ယန္တရားများဖြင့် ဆယ်ယူဆောင်ရွက်ခြင်းနှင့် ရေမြောင်း‌ဘေးရှိ သစ်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဝင်း