နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာရှိ ယာယီပျိုးဥယျာဉ်တွင် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပျိုးပင်ပေါင်း(၉၀၀၀၀)ပျိုးထောင်ထားရှိ

နတ်မောက် ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန် ၂၀၂၄ မိုးရာသီအတွက် ကျေးရွာနေပြည်သူများအား ဖြန့်ဖြူးနိုင်ရေး ဘုန်းတော်ပြည့် ကျေးရွာယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၉၀၀၀၀)ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါပျိုးပင်များ ပျိုးထောင်ထားရှိရာ မြို့နယ်သစ်တောဦးစီးဌာနမှ နှစ်စဉ်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှစေရေး၊ ဒေသခံပြည်သူများမှ စိုက်ပျိုးလိုသည့်နေရာများတွင် စိုက်ပျိုးနိုင်ကြစေရန်အတွက် ပိတောက်၊ ယူကလစ်၊ ယင်းမာ၊ ဆီးဖြူပင်တို့အား ပျိုးထောင်ထားရှိပြီးမြို့ နယ်သစ်တောဦးစီးဌာနရှိ ဝန်ထမ်းများမှ ပြုစုပျိုးထောင်ထားရှိကာ အပင်များ သေဆုံးမှုမဖြစ်ပွားရအောင် နေ့စဉ်ရေလောင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ သဘာဝမြေဩဇာထည့်ပေးခြင်းများကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း