ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ "ကဗျာရေးသားနည်း" သင်တန်းဖွင့်

ဖျာပုံ ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ ကဗျာရေးသားတတ်သော အလေ့အထကောင်းများ ရရှိစေရန်နှင့် မြန်မာစာ၊ မြန်မာစကားကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကဗျာရေးသားနည်းသင်တန်းကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက ကဗျာ​ရေးသားနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဦးဇေယျာဘုန်းမြင့်က ကဗျာရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ စည်မျဥ်းများ၊ ကဗျာရေးဖွဲ့ပုံအဆင့်ဆင့်အား အသေးစိတ်လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ ဖျာပုံခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း (၁၁)ဦး တက်ရောက်ကြပြီး သင်တန်းကို (၂၉-၄-၂၀၂၄)မှ (၃၀-၄-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)