နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးခေါင်းရုံး တည်ဆောက်နေမှုအခြေအနေ ကွင်းဆင်းကြည့်ရှု

နတ်မောက် ဧပြီ ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးကြီးအတွင်းရှိ ဈေးခေါင်းရုံးတည်ဆောက်နေမှုအခြေအနေကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဈေးကော်မတီဝင်များနှင့် ဈေးတာဝန်ခံတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဈေးအဝင်အထွက်လမ်းများ၌ သွားလာရေးအဆင်ပြေစေရန် လျှောက်လမ်များအား ကွန်ကရစ်ခင်းခြင်းနှင့် ကိုယ့်အားကိုယ်ကိုး လျှောက်လှမ်းအမိုးများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ မြို့မဈေးအတွင်း ဈေးခေါင်းရုံးတည်ဆောက်လျက်ရှိပြီး ဆောက်လုပ်မှုအခြေအနေကို မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က ကွင်းဆင်းကြည့်ရှုရာ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မူမူစန်း