ကျိုက်လတ် ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်တိုးမြင့်ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ ကျိုက်လတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဆူးကဏန်း ကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ကြဲပက်ပွဲသို့ ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ်၊ ဆူးကဏန်းကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ တောင်သူ ဦးစံညွန့်၏ ကွင်းအမှတ် (၁၃၀)၊ ဦးပိုင်အမှတ်(၅/၄)၊ ဧရိယာ(၈.၀၀)ဧက၌ ၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် ရေတော်မိုးတော် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ကြဲပက်ပွဲနှင့် ကျိုက်လတ်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ ဗဟိုလ်စက်မှုလုပ်ငန်းတွင် စပါးမျိုးစေ့ချကိရိယာ ထုတ်လုပ်နေမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်