မအူပင် ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မေးခိုင်ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကိုယ်ဝန်ဆောင်မိခင်များအား အစာအာဟာရများနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါ မေးခိုင်ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကိုယ်ဝန်ဆောင်မိခင်များအား ခရိုင်မိခင်နှင့် ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မာနှင့်အဖွဲ့ဝင်များမှ ကြက်ဥ၊ ငှက်ပျောသီးစသည့် အားရှိစေ သော အစာအာဟာရများနှင့် ထောက်ပံ့ကြေးငွေများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)