နတ်တလင်းမြို့၌ ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နတ်တလင်း ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နတ်တလင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မောင်မောင်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် နတ်တလင်းခရိုင်အတွင်း မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်ချက်များကို ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား တာဝန်ပေးအပ်မှာဖြစ်ကြောင်း စီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မှီပြီးအချိန်နှင့် တစ်ပြေးညီပြီးစီးအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲတင်ပြပြီး အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိပြန်လည်အပ်နှံခြင်းပြုလုပ်ခြင်းအား လုံဝလက်မခံနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင်း ပါဝင်သော လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူအားပေးအပ်ခြင်း၊ စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာဌာန တာဝန်ရှိသူအားပေးအပ်ခြင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာဌာန တာဝန်ရှိသူအားပေးအပ်ခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး