ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်စာရင်းများ ထုတ်ပြန်

ကြံခင်း ဧပြီ ၂၈

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်လျက်ရှိရာ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် စာမေးပွဲအောင်စာရင်းများကို  ယမန်နေ့နံနက် (၆)နာရီမှစ၍ ထုတ်ပြန် ကပ်ထားပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၂)ကျောင်းနှင့် တွဲဘက်ဘုန်းတော်ကြီး စာသင်ကျောင်း (၂)ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း (၁၂၄)ကျောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် အခြေခံပညာကျောင်း (၁၂၄)ကျောင်းတို့တွင် (KG)တန်းမှ (Grade-11)ထိ ကျောင်းတွင်းဖြေဆိုသော အောင်စာရင်းများကို ထုတ်ပြန်ကပ်ထားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါအောင်စာရင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများက လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)