တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်း မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ချောင်းနက်(အရှေ့၊ အနောက်)ကျေးရွာများတွင် ယမန်နေ့နံနက် ()နာရီအချိန်က မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေဇော်အောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး ဦးခင်မောင်ရီ၊ ဆတ်သွားကျန်းမာရေးမှူး လှမင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက ကျေးရွာများအရောက် မျက်စိတိမ်ရောဂါ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ မျက်စိဝေဒနာရှင် (၁၁၇)ဦးအား စစ်ဆေးပြီးစီးသည့်အနက် မျက်စိတိမ်ရောဂါတွေ့ရှိသူ (၅၁)ဦးတို့အား မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ ခွဲစိတ်ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)