ကလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

ကလေး ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်အ‌ကောင်းဆုံးဘဝကိုတည်‌ဆောက်ခြင်း” စာအုပ်ပါအကြောင်းအရာများ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးထက်ဝေလျှံက ဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့်အ‌ကောင်းဆုံးဘဝကိုတည်‌ဆောက်ခြင်း” စာအုပ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးစာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ(Talk Show)များကိုလည်း  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)