မလှိုင် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်၌ မိုးသက်လေပြင်းကျပြီး သစ်ပင်လဲ၍ နေအိမ်ပြိုကျခဲ့သော လေဘေးသင့် နေအိမ်သို့ ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုဝေမိုး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပန်းအိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဘိုတင်နှင့် တာဝန်ရှိသူများက ကန်ဦးကျေးရွာနေ ဒေါ်ပေါကြည်၏ လေဘေးသင့်ပြိုကျ ပျက်စီးခဲ့သော နေအိမ်(၁)လုံးနှင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးတို့အတွက်ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် ငွေကျပ်(၁ဝ၄၂ဝဝ)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး (၁) ပုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၅ဝ၂၃၆) ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)