ကျိုက်လတ် ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ကျောင်းတွင်း စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် (၆) နာရီအချိန်ကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၉၈) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၄) ကျောင်း၊ စုစုပေါင်း (၂၀၂) ကျောင်းတွင် နှစ်ဆုံးစာမေးပွဲများ ကျင်းပပြီးစီးခဲ့ရာ အဆိုပါ ကျောင်းအားလုံးတွင် အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။ ထို့ပြင် KG မှ Grade-10(သင်ရိုးသစ်) အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန (၁၉၈) ခုရှိ ကြော်ငြာ သင်ပုန်းများတွင် အောင်စာရင်းများ ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်