သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများထုတ်ပြန်

သဲကုန်း ဧပြီ ၂၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အောင်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ထားပေးလျက် ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉၄) ကျောင်းနှင့် တွဲဖက်ဘုန်းတော်ကြီး စာသင်ကျောင်း (၁) ကျောင်း အပါအဝင် အခြေခံပညာ ကျောင်းပေါင်း ၁၉၅ ကျောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် အခြေခံပညာ ကျောင်း ၁၉၅ ကျောင်းတို့တွင် (KG) မှ (Grade-11) ထိ ကျောင်းတွင်းဖြေဆိုသော အောင်စာရင်းများ ထုတ်ပြန်ထားပေးလျက်ပြီး အဆိုပါအောင်စာရင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများက လာရောက် ကြည့်ရှုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)