ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးမှုဖြစ်ပွား

ပေါက်ခေါင်း     ဧပြီ    ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီလ ၂၅ ရက်၊ ညနေ(၅) နာရီအချိန်ခန့်က ရုတ်တရက်လေပြင်းများတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၉)အုပ်စုတို့တွင် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ စာသင်ကျောင်းအမိုးလန်နှင့်မျက်နှာကျက်ပြိုကျ(၄)ခု၊ တောင်နဝင်းရေထိန်းတမံမျက်နှာကျက်ပြုတ်ကျ(၁)ခု၊ လူနေအိမ်(၂၄၄)လုံးအမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ်(၁၃)လုံးပြိုလဲခဲ့ရာ စုစုပေါင်း(၂၆၅)လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းများတိုက်ခတ်မှုကြောင့် ဗောဓိကုန်းကျေးရွာအုပ်စုတွင်လူနေအိမ်(၁၁)လုံးအမိုးလန်၊ သဖန်းချိုကျေးရွာအုပ်စုတွင် လူနေအိမ်(၄)လုံး၊ ရွာ‌ထောင်ကျေးရွာအုပ်စုတွင်လူနေအိမ်(၇)လုံးအမိုးလန်၊ ချောင်းဇောက်ကျေးရွာအုပ်စုတွင်လူနေအိမ်(၁၉)လုံး အမိုးလန်ပျက်စီး၊ ဝက်တိုးကျေးရွာအုပ်တွင် လူနေအိမ်(၇)လုံး အမိုးလန်၊ ထန်းတပင်ကျေးရွာ အုပ်စုတွင်လူနေအိမ်(၄၉)လုံးအမိုးလန်၊ မြောက်လက်ကြီးကျေးရွာတွင်လူနအိမ်(၃၆)လုံးအမိုးလန်၊ စမ်းမြိုင်‌အေးကျေးရွာတွင် လူနေအိမ်(၇)လုံးပြိုလဲပြီး နေအိမ်(၂၂)လုံးအမိုးလန်နှင့်ဓမ္မသော်ကျေးရွာအုပ်စုတွင် လူနေအိမ်(၆)လုံးပြိုလဲနှင့် နေအိမ်(၁၀၁)လုံးအမိုးလန်ပြီး အ.ထ.က(ဓမ္မသော်)စာသင်ကျောင်း(၂)ဆောင်မျက်နှာကျက်ပြုတ်ကျ၊ တောင်နဝင်းရေထိန်းတမံရှင်းလင်းဆောင်မျက်နှာကျက်ပြုတ်ကျပြီး နှစ်ခန်းတွဲဘင်သားစခန်းအမိုးလန်ပျက်စီးနှင့် ထန်းတပင်အ.ထ.က(ခွဲ) အဆောင်(၂)ဆောင်မျက်နှာကျက်များပြုတ်ကျ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ ယင်းသို့လေပြင်းများတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ စာသင်ကျောင်းနှစ်ကျောင်းမှအမိုးလန်နှင့်မျက်နှာကျက်ပြုတ်ကျ(၃)ခုနှင့် တောင်နဝင်း‌ ရေထိန်းတမံရှင်းလင်းဆောင်(၂)ခုအမိုးလန်ပြီး မျက်နှာကျက်ပြုတ်ကျ၊ လူနေအိမ်(၂၄၄)လုံးအမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်(၁၃)လုံးပြိုလဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဘိုး ၄၅,၂၉၀,၀၀ဝိ/ ရှိကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်၍ ပြိုကျ/အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေးအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများကအမြန်ဆုံးပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များကိုဆောင်ရွက်ပေးလျက်ရှိပြီး လတ်တလောတွင်နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်နိုင်‌ရေးစီမံဆောင်ရွက်‌ပေးပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။

 သန်းထွန်းအောင်(ပြန်/ဆက်)