ပြည်ကြီးမဏ္ဍိုင် ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် စက္ကူဖြင့် ခွက်ခေါက်နည်းကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က သင်ကြားပေးခဲ့သည်။
ရှေးဦးစီးစွာ ရောင်စုံစက္ကူများဖြင့် ခွက်ခေါက်နည်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ကေခိုင်ဝင်းက သင်ကြားပေးခဲ့ပြီး ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များ၌ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတက်စေရန် ရောင်စုံကာလာစက္ကူများ အသုံးပြု၍ အရုပ်ခေါက်နည်းများ ပြုလုပ်တက်စေရန်၊လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားလာပြီး အမှားအမှန်ဝေဖန်ပိုင်းခြားတက်စေရန်ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)