တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ

တောင်ငူ ဧပြီ ၂၇

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၊ ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာအတတ်ပညာများ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအင်္ဂလိပ်စာ သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိရာ ယနေ့မွန်းတည့် (၁၂) နာရီအချိန်က သင်တန်းဆင်းပွဲ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးနှင့် Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ သင်တန်းနည်းပြဆရာ ဦးစောဂျရုန်းတို့က သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများက အင်္ဂလိပ်စကားပြော စွမ်းရည်များ ပြသကြသည်။ အဆိုပါသင်တန်းတွင် Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ သင်တန်းနည်းပြဆရာ ဦးစောဂျရုန်းက အခြေခံအင်္ဂလိပ်စာ (SpeakingGrammarReading) ဘာသာရပ်များကို ဧပြီ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)