ပြည်မြို့၊ ပန်းဘဲတန်းမူလွန်ကျောင်းသို့ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပြည် ဧပြီ ၂၇

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဗဟုသုတ ကြွယ်ဝစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောခြင်း၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များပြသပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက် ၉ နာရီက ပြည်မြို့၊ ပန်းဘဲတန်းမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်တွင် ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက "ကလေးအလုပ်သမားပပျောက်ရေး" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူကလေးများအားအသိပညာပေးဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူကလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူကလေးများအား သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များနှင့် သုတ၊ ရသစုံလင်သောဗဟုသုတဖြစ်ဖွယ်စာအုပ်များကို လေ့လာဖတ်ရှုစေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုစိုး(ပြည်)