စေတုတ္တရာ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကျောင်းသား၊ ကျောင်းသူများအား လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥာဏစွမ်းရည်မြင့်မားစေရန်ရည်ရွယ်၍ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်းနှင့် ပုံတူပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို စေတုတ္တရာမြို့နယ်ပြန်/ဆက်လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၀း၀၀ အချိန်ကကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ဝင်းအိမွန်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များပြောကြား၍ မြန်မာစာလုံးပေါင်းသတ်ပုံများရွေးချယ်၍ မြန်မာစာစာလုံးပေါင်းသတ်ပုံအလုံး(၃၀)နှင့် ဆေးရောင်ခြယ်ပုံတူပန်းချီများကိုရေးခြယ်၍ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဝင်ပြိုင်သည့်ကျောင်းသားကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဆုလက်ဆောင်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)