ခန္တီးမြို့နယ်၌ အခြေခံအင်္ဂလိပ် Essay နှင့် Letter ရေးနည်း(၂/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ခန္တီး     ဧပြီ     ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကျောင်းသား/သူလေးများအား နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်လာပြီး ကျောင်းစာများတွင်လည်းအထောက်အကူပြုစေရန်ရည်ရွယ်၍ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက အခြေခံအင်္ဂလိပ် Essay နှင့် Letterရေးနည်း(၂/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူးဒေါ်နန်းအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်မို့မို့စံက တက်ရောက်ကြမည့် သင်တန်းသူ/သားများအား ပျက်ကွက်မှုမရှိဘဲ အချိန်မှန်တက်ရောက်ကြရန်နှင့် အင်္ဂလိပ်စာသည် ကျောင်းစာများ၌သာမက အလုပ်အကိုင်များရှာဖွေရာတွင်လည်း အရေးပါသောကြောင့် ကြိုးစားလေ့လာသင်ယူကြရန် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းမှာ ဧပြီလ(၂၅)ရက်နေ့မှ မေလ(၁၈)ရက်နေ့ထိ (၂၃)ရက်ကြာသင်ကြားပို့ချ သွားမည်ဖြစ်ကာ သင်တန်းချိန်မှာ မွန်းလွဲ(၁)နာရီမှ မွန်းလွဲ(၂)နာရီထိသင်ကြားပို့ချလျက်ရှိပြီး ခန္တီးမြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ ကျောင်းသား/သူ(၃၀)ဉီးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)