ကျိုက်လတ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ်  ဧပြီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဧပြီလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာမခင်စောတင့်၏  “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ရီရီမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်‌အေးအေးသိန်းက “လူတန်းစားအလွှာ မခြားနားစေရာ” ဆောင်းပါး၊ Book Club အဖွဲ့ဝင်ဒေါ်‌ဝင်းဝင်းမြင့်က “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ဆောင်းပါးနှင့် Book Club အဖွဲ့ဝင် ဒေါ်လှလှမြင့်က “သနားကြင်နာမှုသည်သာ” ဆောင်းပါးတို့ကိုဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

လှိုင်မင်းအောင်