ကြံခင်း ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများ၌ သင်ကြားခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့နယ်အတွင်းရှိ စာသင်ဝိုင်း (၁၄) နေရာတွင် ဆက်လက်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ စာသင်ဝိုင်း (၁၄) နေရာတွင် ဆရာ/ဆရာမ (၁၄) ဦးဖြင့် သင်ကြားပို့ချပေးလျက်ရှိသော စာသင်သား (၂၁၁) ဦးအား စာသင်ကြားပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ် အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက စာသင်ဝိုင်းများတွင် အဆင်ပြေစွာ (နေ့စဉ်) သင်ကြားပေးနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းကာ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)