ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်း အမှတ်စဉ် (၃/၂၃) ဒုတိယနှစ် သင်တန်းသား/သူများ ကြိုဆိုပွဲကျင်းပ

ဘိုကလေး ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်၌ ဧပြီ (၂၃) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော ပညာရေးဘွဲ့ B.Ed အမှတ်စဉ် (၃/၂၃) ဒုတိယနှစ် စာပေးစာယူသင်တန်း၏ သင်တန်းသား/သူများ ကြိုဆိုပွဲအား ယနေ့နံနက် (၉) နာရီ အချိန်၌ အဆိုပါကောလိပ်၏ ပညာဂုဏ်ရည်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကြိုဆိုပွဲသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်၏ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ နည်းပြများ၊ သင်တန်းသား/သူ ဆရာ/မများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကြိုဆိုပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတင်လင်းက ယခုသင်တန်းသို့ တက်ရောက်ကြသော ဆရာ/ဆရာမများ အနေဖြင့် သင်တန်းမှ ရရှိသည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ မိမိတို့၏ တပည့်များအား ပိုမို ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းရတနာများ အဖြစ်မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပညာရေး အုတ်မြစ်ကို ခိုင်မာစွာ ဝိုင်းဝန်းတည်ဆောက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ကြိုဆိုပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်များအား သင်တန်းသား/သူ ဆရာ/ဆရာမများက မြို့နယ်အလိုက်မိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သင်တန်းအတွက် ထောက်ပံ့ပေးအပ်သော ငွေကျပ် (၁၀) သိန်းအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌက ပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်‌ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယခုဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ဖွင့်လှစ်သည့်ပညာရေးဘွဲ့ B.Ed အမှတ်စဉ် (၃/၂၃) ဒုတိယနှစ် စာပေးစာယူသင်တန်းသို့ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်း၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ လပ္ပတ္တာ၊ ဟင်္သာတ၊ မြောင်းမြ၊ ကြံခင်း၊ ဇလွန် မြို့နယ်များမှ သင်တန်းသား/သူ (၃၂၄) ဦးတက် ရောက်ကြပြီး သင်တန်းအား ဧပြီ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့ အထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)