ဇလွန်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ဇလွန် ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို  ဧပြီလ (၂၂ ) ရက်‌နေ့မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇ နာရီမှ မွန်းတည့် (၁၂) နာရီထိ  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ် ကြီးရင့်သူများ အခက်အခဲမရှိစေရေး စနစ်တကျ ဆောင်ရွက်ပေးထားကြောင်းကို ဇလွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)