ဖြူးမြို့နယ် ယာယီနေရပ်စွန့်ခွာသူ ပြည်သူတစ်ဦးအတွက် တစ်ရက်လျှင်ဆန် နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)လစာ ဆန်ရိက္ခာများ ထောက်ပံ့ပေး

ဖြူး ဧပြီ ၂၅

ဖြူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော တစ်ဦးအတွက် တစ်ရက်လျှင်ဆန် နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)လစာ ဆန်ရိက္ခာများအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက ရွှေမေတ္တာတန်(၆၀)ဆန်စက်တွင် စုရပ်ထား၍  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စုသို့ပြောင်းရွှေ့လာသော အိမ်ထောင်စု(၁၂၁)စု၊ ကျား(၂၉၁)ဦး၊ မ(၄၇၇)​ဦး၊ စုစုပေါင်းလူဦးရေ(၇၆၈)ဦးအတွက် ဆန်(၇၂၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဧပြီလ(၁၂)ရက်နေ့က သိမ်ကုန်းရပ်ကွက်သို့ပြောင်းရွှေ့လာသည့် အိမ်ထောင်စု(၇၆)စု၊ လူဦးရေ(၄၂၈)ဦး၊ ရေလျှံကြီးကျေးရွာအုပ်စုသို့ပြောင်းရွှေ့လာသည့် အိမ်ထောင်စု(၈၁)စု၊ လူဦးရေ(၃၁၀)ဦး၊ ညောင်ပင်သကျေးရွာအုပ်စုသို့ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၁)ဦး၊ တံခွန်တိုင်ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု(၃)စု၊ (၁၉)ဦးတို့အတွက်လည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)