အင်္ဂပူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲပြုလုပ်

အင်္ဂပူ ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသီဟက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနိုင်မှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှ်ိ ဦးရဲထွန်းအောင်က အုပ်စုဖွဲ့ဆွေးနွေးကြမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်များမှ စီမံကိန်းလုပ်ငန်းများ၏ အားနည်းချက်အားသာချက်များအား အုပ်စုဖွဲ့ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် မြို့နယ်အဆင့်မြစိမ်းရောင်‌ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ မြ‌စိမ်းရောင် ကျေးရွာစီမံကိန်း ယူနစ် (၈၃) ခုမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)