အုတ်တွင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများအား အမျိုးသားသ‌ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန(ဗဟို)မှ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

အုတ်တွင်း ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုများအား အမျိုးသားသ‌ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန(ဗဟို)မှ ယနေ့နံနက်ပိုင်းက ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အမျိုးသားသ‌ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန(ဗဟို)မှ လူတစ်ဦးအတွက် တစ်ရက်လျှင် နို့ဆီဘူး(၂)လုံးနှုန်းဖြင့် (၃)လစာဆန်ရိက္ခာ (၁၁၇၉၅)အိတ်ကို အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၅၁)အုပ်စုမှ တိုက်ပွဲရှောင်/နေရပ်စွန့်ခွာအိမ်ထောင်စု ၂၄၇၅ စု လူဦးရေ ၁၂၅၈၂ ဦးအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ စုရပ်သတ်မှတ်၍ ထောက်ပံ့ပေးသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)