သာယာဝတီမြို့နယ်တွင် ပြည့်စင်ကုန်း-ပတ္တော် ကိုယ့်အားကိုယ်ကိုး မြေသားလမ်းဖွင့်

သာယာဝတီ     ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြည့်စင်ကုန်း-ပတ္တော်ကျေးရွာကိုယ့်အားကိုယ်ကိုး မြေသားလမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်ကိုယ့်အားကိုယ်ကိုး မြေသားလမ်းဖောက်လုပ်ခြင်းကို သာယာဝတီမြို့နယ်စီမံအုပ်ချုက်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပြည့်စင်ကုန်း-ပတ္တော် ကျေးရွာချင်းဆက် မြေသားလမ်း(၁၈)ပေအကျယ်၊ အရှည်(၄)မိုင်ကို မြို့မယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကျေးရွာပြည်သူများ၊ အဝေးရောက်အလှူရှင်များ၏ ထည့်ဝင်ငွေကျပ်(၁၂၆) သိန်းဖြင့် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်မြေသားလမ်းဖောက်ခြင်းသည် ကိုယ့်ဒေသလမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာရေးအတွက် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ရွာနဲ့တစ်ရွာ သွားရတာနွားလှည်းလမ်းကိုဘဲ အသုံးပြုရတာပါ၊ ပထဝီဝင်  မျက်နှာပြင်အရ ညီညာတဲ့မြေသားရှိသလို ရိုးတွေချောက်တွေကို ဖြတ်ဆင်းဖြတ်တက် သွားရတာလည်းရှိတော့  အရေးပေါ်ကျန်းမာရေး ကိစ္စအပါအဝင် လူမှုရေးပညာရေးတွေမှာပါ လမ်းမကောင်းတော့ အဆင်ပြေသလိုသွားနေကြရတာဖြစ်နေလို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ မြေသားလမ်းတွေဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ခရိုင်ပြန်/ဆက်