ပုသိမ် ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပညာရေး၊ စိုက်ပျိုးရေး၊ တည်ဆောက်လုပ်ရေး၊ ကျေးလက်ကဏ္ဍစသည့် စီမံကိန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာဌာနများအနေဖြင့် စီမံခန်ခွဲမှုများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေအောင် ဆောင်ရွက်သွားရေးပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးအောင်မျိုးတင့်က သက်ဆိုင်ရာဌာနများအလိုက် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းရေးဆွဲထားရှိမှုများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စီမံကိန်းတာဝန်ပေးအပ်လွှာများအား အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရသည်။
မြင့်ဟန် (ပြန်/ဆက်)