စလင်းမြို့နယ် အုန်းတောကျေးရွာ၌ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်ပိုင်ရှင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

စလင်း ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်  အုန်းတောကျေးရွာ၌ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်  နေအိမ် (၁) လုံးအတွက်  အိမ်ပိုင်ရှင်အား  ထောက်ပံငွေနှင့်ပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်းကို  ယမန်နေ့က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  အုန်းတောကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်  ပျက်စီးဆုံးရှုံးခဲ့သည့်  လူနေအိမ် (၁) လုံးအတွက်  အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက်၊ ဆန်ရိက္ခာဖိုးငွေ (၆၃၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ တန်ဖိုး (၅၂၇၈၅) ကျပ်၊ စုစုပေါင်းထောက်ပံ့ပေးအပ်ငွေ (၁၉၅၀၈၅) ကျပ်အား  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ  လက်ဝယ်အရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။

(မောင်လွင်)စလင်း